နေပြည်တော် ဇွန် ၁၁

 

ဒေါ်အောင်ဆန်းစုကြည်နင့် NHK တို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း ပြုလုပ်နိုင်ခြင်းမ ငါးနစ်တာကာလ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် နက်ရိုင်းစွာ အမြစ်တွယ်နေသော ပြနာကို နေ့ချင်းညချင်း ဖြေရင်းနိုင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

 

အဆင့်ဆင့်သွားရတဲ့လုပ်ငန်းစဉ်

 

မေး ရခိုင်ပြည်နယ်မ မိမိကိုယ်မိမိ ရိုဟင်ဂျာလို့ ခေါ်နေသူတွေကို ဌာနေပြန်ပို့မယ့်လုပ်ငန်းစဉ်မ ကုလသမဂ္ဂအဖွဲ့အစည်းမယ့်လုပ်ငန်းစဉ်မ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူဖို့ မြန်မာ အစိုးရက သဘောတူညီခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ချိုးဖောက်မုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ လွတ်လပ်သောကော်မရင်တစ်ရပ် ထူထောင်ဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။ ဒီအရေးယူဆောင်ရွက်ချက်တွေဟာ ဒုက္ခသည်များရော၊ နိုင်ငံတကာ အသိုက်အဝန်းကပါ ယခင်ကတည်းက လုပ်ဆောင်ဖို့ လိုလားချက် ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီအချိန်၊ ဘာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီအချိန်၊ဒီအခါရောက်တော့မ အရေးယူဆောင်ရွက်ရတာပါလဲ။

ဖြေ ကျွန်မအနေနဲ့ကတော့ ဒီအချိန်၊ ဒီအခါရောက်မ အရေးယူဆောင်ရွက်ရတယ်လို့တော့ မထင်မြင်ပါဘူး။ ဒါက အဆင့်ဆင့်သွားရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ကျွန်မတို့ သဘောတူနိုင်တဲ့MoU မျိုးရရိဖို့ ဆွေးနွေးညိနိုင်းနေခဲ့တယ်ဆိုတဲ့အချက်ကို အများ မသိခဲ့ကြဘူး။ ဒီကိစ္စစတင်တာက ကျွန်မတို့ ဒေါက်တာကိုဖီအာနန်ကော်မရင်ရဲ့ အကြံပြုချက်တွေ ရရိစဉ်ကတည်းက ဖြစ်ပါတယ်။ အခုနောက်ဆုံး နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးသည်လည်း ကျွန်မတို့ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်နဲ့အညီ လုပ်ဆောင်တာပါ။ ဒီအကြံပြုချက်ကို ကျွန်မတို့ အထူးအလေးအနက်ထားပါတယ်။ ဒီအဖွဲ့အနေနဲ့ ပကတိ အခြေအနေအပေါ် အမန်အတိုင်း ုမြင်သုံးသပ် နိုင်စွမ်း ိတယ်လို့ ကျွန်မတို့ ယုံကြည်တာကြောင့် အဲဒီအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

လက်မတ်ရေးထိုး

 

မေး ဒီအရေးယူ ဆောင်ရွက်ချက်တွေ ပေါ်ထွက်လာစေဖို့ မြန်မာနိုင်ငံအနေနဲ့ ပေါ်ထွက်လာစေဖို့ မြန်မာနိုင်ငံအနေနဲ့ဘာကြောင့်များ အချိန်အကြာကြီး ယူခဲ့ ဘာကြောင့်များ အချိန်အကြာကြီး ယူခဲ့ရတာပါလဲ။ ဒီအရေးယူဆောင်ရွက်ချက်တွေလုပ်ဆောင်ရာမ တွေ့ကြုံရတဲ့အခက်အခဲကဘာပါလဲ။

ဖြေ အချိန်အကြာကြီး ယူခဲ့တယ်ဆိုပြီး ပြောနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကြံပေးအဖွဲ့ကအကြံပြုခဲ့တာဟာ လအနည်းငယ်ပဲ ကြာမြင့်သေးတာကို အမတ်ရမယ်ဆိုရင် အဲဒီလိုပြောမာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ကျွန်မတို့ အချိန်အကြာကြီးယူခဲ့ရတယ်လို့ ပြောလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။UNDP နဲ့ UNHCR တို့နဲ့ MoU လက်မတ်ရေးထိုးတာနဲ့ပတ်သက်ပြီး ပြောရရင်ကျွန်မတို့ သေသေချာချာ ဆွေးနွေးညိနိုင်းပြီးမသာ သဘောတူညီချက်ရလာတာပါ။ စ်ဖက်စလုံးအနေနဲ့ သက်ရောက်မုတွေ အားလုံးကိုပိုင်းခြားစိတ်ဖြာ သုံးသပ်ဖို့ လိုအပ်တဲ့အတွက်ကြောင့်ပါ။ တချို့အစိတ်အပိုင်းတွေမ ကျွန်မတို့အနေနဲ့ အချိန်မဆိုင်းဘဲ သဘောတူညီခဲ့တယ်။ တချို့အပိုင်းတွေမာတော့ အခက်အခဲ၊ အတားအဆီးအချို့ကို ကျော်လွားခဲ့ရတယ်။ ဒါကြောင့် အဓိပ္ပာယ်အနစ်သာရပြည့်ဝပြီး တကယ်လက်တွေ့လည်း အကောင်အထည်ဖော်နိုင်မယ့် MOU တစ်ခု ရရိလာဖို့ဆိုတာဟာ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်။

 

သဘောတူညီချက်

 

မေး မြန်မာနိုင်ငံအနေနဲ့ သဘောတူညီချက်အတိုင်းလိုက်နာဖို့မ ဘာအခက်အခဲရိသလဲ။

ဖြေ ကျွန်မတို့အနေနဲ့ရော၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေအဖို့ပါ ဘယ်ကိစ္စကတော့ တကယ့် အခက်အခဲပဲလို့ ယူဆစရာရိမယ်မထင်ပါဘူး၊ စဉ်းစားရမယ့်အချက်တွေကတော့ အများကြီးရိပါတယ်။ ဒါပေမယ့် ဘယ်တစ်ခုကမ ခွဲထုတ်လို့မရတဲ့ အနေအထားမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုသဘော တူညီချက်ရတာပါ။

 

မေး ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ခေါ်နေတဲ့လူတွေအပေါ် အကြမ်းဖက်မုတွေရိခဲ့တယ် လို့ မြန်မာအပေါ် စွပ်စွဲဝေဖန်မုတွေ ပေါ်ထွက် ခဲ့ပါတယ်။ ဒီကိစ္စဟာ အလွန်ရုပ်ထွေးတဲ့ပြနာဖြစ်တယ်လို့ မြန်မာအစိုးရက ပြောတာတွေလည်း ကျွန်မကြားသိခဲ့ရပါတယ်။ ဒီပြနာမ နိုင်ငံတကာ အသိုက် အဝန်းက ကြားဝင်စွက်ဖက်မ မပြုသင့်ဘူးလို့လည်းပြောခဲ့တာရိပါတယ်။ ဘာကြောင့်များ ဒီ ပြနာ ဟာ မြန်မာနိုင်ငံအတွက် သိပ်ရုပ်ထွေး ခက်ခဲနေရသလဲဆိုတာကို င်းပြပေးစေလိုပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက ကြားဝင်ဖြေရင်းခွင့် မရိသင့်ဘူးဆိုတာကလည်း ဘာကြောင့်ပါလဲ။

ဖြေ ဦးစွာပထမ ကျွန်မပြောချင်တာကတော့ ဒီပြနာဟာ ကာလရည်ကြာဖြစ်တည်လာတဲ့ ပြနာဖြစ်တယ်ဆိုတာပါ။ အရင်ရာစုနစ် စ်ခုလောက်ကတည်းက ဖြစ်တည်လာတဲ့ ပြနာ ဆိုတာကို လူတွေမေ့လျော့နေကြပါတယ်။ ဒါဟာ မနေ့ကမဖြစ်ခဲ့တဲ့အရာမဟုတ်ဘူး။ ဒီလောက်ကာလ ကြာရည် ဖြစ်တည်လာတဲ့ပြနာကို လအနည်းငယ်အတွင်းမ ဖြေရင်းနိုင်မာမဟုတ်ဘူး။ ကျွန်မတို့ အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ရယူခဲ့တာကလည်း စ်နစ်လောက်ပဲရိသေးတာပါ။ ဒီလောက် ကြီးကျယ်လတဲ့ ပြနာကို နေ့ချင်းညချင်း ဖြေရင်းနိုင်မာမဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပြင်ပက မဆိုစလောက် လူအချို့နဲ့ မြန်မာနိုင်ငံအတွင်းက မဆိုစလောက် လူအချို့ကပဲ ဒီပြနာဟာ သမိုင်းနဲ့ ချီပြီး ုပ်ထွေးလတဲ့ပြနာလို့ သိရိကြတာပါ။ ဒါကြောင့် ကျွန်မတို့နိုင်ငံမ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ကျွန်မတို့ ဒီလိုမျိုးကိုင်တွယ်ဆောင်ရွက်ရလဲဆိုတာကို ပြည်ပကလူများသာမက ပြည်တွင်း နေထိုင်သူတွေကလည်း ကောင်းစွာသိရိသင့်တယ်။ ကျွန်မတို့ပြည်သူတွေ ရေရေရာရာသိရ သင့်တယ်ဆိုတာ အရေးအကြီးဆုံး အချက်ပါ။ ဘာကြောင့်လဲဆိုတော့ ရေရည်မ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးတိုးတက်ကောင်းမွန်မုတို့ကို ကျွန်မတို့ကိုယ်တိုင်ကပဲ ထိန်းသိမ်း စောင့်ရောက် ကြရမ ဖြစ်လို့ပါပဲ။

 

အန္တရာယ်ရ

 

မေး ဒီပြနာ ဘယ်လိုရုပ်ထွေးနေသလဲဆိုတာကို နိုင်ငံတကာအသိုက်အဝန်းကိုရော မြန်မာပြည်သူတွေကိုပါ င်းပြဖို့မ ဘာကြောင့် အချိန်ယူဖို့ လိုအပ်နေသလဲ။ မြန်မာအတွက် ဘယ်လို အန္တရာယ်တွေ ိလို့လဲ။

 

ဖြေ ပြနာတစ်ခုကို ဘက်ပေါင်းစုံကစဉ်းစားခြင်းမရိဘဲ ဒရောသောပါး ဖြေရင်းမယ်ဆိုရင် ဘယ်သူ့အတွက်မဆို အန္တရာယ်ရိမယ်လို့ ကျွန်မယူဆပါတယ်။

 

မေး ဒီပြနာတွေ ခုထက်မြန်မြန် ဖြေရင်းရင် မြန်မာအတွက် ဘယ်လို အန္တရာယ်တွေ ကျရောက်နိုင်လို့လဲ။

ဖြေ ဘယ်အရာကိုမဆို ဖုတ်ပူမီးတိုက်မလုပ်သင့်ဘူး။ အချိန်ယူပြီး လုပ်ရမာကို အချိန်ယူလုပ်သွား ရမ ဖြစ်ပါတယ်။ ပြနာတွေကို မြန်မြန်ပြီးစမ်းပါလို့ အတင်းတွန်းလို့မရဘူး။ ဆိုပါတော့ဖြစ်ပြီးတဲ့ပြနာတွေမေ့ထားလိုက်ပါ၊ စာမျက်နာအသစ် ပြန်ဖွင့်လိုက်ပါလို့ လူတွေကို သွားပြောလို့ မရဘူး။ အမိန့်ပေးလို့လည်း မရဘူး။ ပြနာတွေအားလုံးဖြေရင်းနိုင်ဖို့အတွက် နည်းလမ်းအဖုံဖုံ ာဖွေ ဖော်ထုတ်ရမာပါလားလို့ လူတွေသဘောပေါက်နားလည်လာစေမယ့် အနေအထားတစ်ရပ်ကို ဖန်တီးပေးဖို့ လိုပါတယ်။

 

ယုံကြည်စိတ်ချရတဲ့သူတွေ

 

မေး ရခိုင်ပြည်နယ်မ လူ့အခွင့်အရေးချိုးဖောက်မုတွေရိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းမယ့် လွတ်လပ်သော ကော်မရင်နဲ့ပတ်သက်ပြီး ဘယ်လို အဖွဲ့ဝင်တွေ ပါဝင်တယ် စသည်ဖြင့် နည်းနည်းပိုပြီး ပြည့်ပြည့်စုံစုံ င်းပြပေးစေလိုပါတယ်။ အဲဒီကော်မရင်ဟာ ယုံကြည်စိတ်ချရတဲ့ ကော်မရင်၊ လွတ်လပ်တဲ့ကော်မရင် ဖြစ်တယ်ဆိုတာ သေချာပါသလား။ ပြီးတော့ သူတို့ အနေနဲ့ မြန်မာအစိုးရဟာ တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးပမ်းလုပ်ဆောင် နေတယ် ဆိုတာကို နိုင်ငံတကာ အသိုက်အဝန်း သိအောင် င်းပြပေးလိမ့်မယ်လို့ရော ယုံကြည်ပါသလား။

 

ဖြေ လတ်တလောမာတော့ ကော်မရင်မ ဘယ်သူတွေပါမယ်ဆိုတာကို ကျွန်မတို့တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်းအရည်အချင်းပြည့်ဝပြီး ဘက်မလိုက်သူတွေအဖြစ် ကျွန်မတို့ အပြည့်အဝ ယုံကြည်စိတ်ချရတဲ့သူတွေကိုသာ ခန့်အပ်သွားမာဖြစ်ပါတယ်။

 

အပြုသဘောရည်ရွယ်

 

မေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရင်တစ်ခုရိလာမယ်ဆိုရင် အခြေအနေ ကော်မရင်တစ်ခုရိလာမယ်ဆိုရင် အခြေအနေတိုးတက်လာပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ နားလည်မ ကိုလည်း ရရိလာမယ်လို့ ယုံကြည် နားလည်မုကိုလည်း ရရိလာမယ်လို့ ယုံကြည်ယူဆ ပါသလား။

ဖြေ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရင်တစ်ခု ဖွဲ့စည်းသင့်တယ်လို့ အကြံပေးအဖွဲ့က ယုံကြည် ယူဆပါတယ်။ အကြံပေးအဖွဲ့အပေါ် အပြည့်အဝယုံကြည်စိတ်ချမု၊ ဒီအဖွဲ့ရဲ့ စိတ်ကောင်း စေတနာ ကောင်းရိမုနဲ့ ဉာဏ်ပညာအမြော်အမြင် ပြည့်ဝမုတို့ကြောင့် အခုကိစ္စသည် အခြေအနေ တိုးတက်ကောင်းမွန် လာစေဖို့ အပြုသဘောရည်ရွယ်လုပ်ဆောင်ချက်တစ်ရပ်ဖြစ်တယ်လို့ ကျွန်မတို့ ယူဆပါတယ်။

 

မေး။ ဘာကြောင့် မိမိနိုင်ငံအစီအစဉ်နဲ့ လုပ်ဆောင်ဖို့ကို ရွေးချယ်ပါသလဲ။ ကုလသမဂ္ဂ အချက်အလက်ရာဖွေရေး မစ်ရင်လိုမျိုး နိုင်ငံတကာအစီအစဉ်တစ်ရပ်ကို ဘာကြောင့် မရွေးချယ် တာလဲ။

ဖြေ ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ အရင်ကတည်းက င်းပြခဲ့ပြီးသားပါ။ ကုလသမဂ္ဂ အချက်အလက် ာဖွေရေးမစ်ရင်ကို ကျွန်မတို့ဘာကြောင့် လက်မခံရသလဲဆိုတာကို ထပ်တလဲလဲ င်းပြ ပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုကိစ္စက အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်အတိုင်း ဖြစ်ပါတယ်။ သူတို့အနေနဲ့က ရခိုင်ပြည်နယ်မ ဘာတွေဖြစ်ပျက်နေသလဲဆို တာကို သေသေချာချာ လေ့လာနိုင်တဲ့ အနေအထား ိပါတယ်။ သူတို့က အလေးအနက်အကြံပြုတာဖြစ်တဲ့အတွက် ကျွန်မတို့ကလည်းအလေးအနက်ထား ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

ယုံကြည်မုတည်ဆောက်နိုင်စေဖို့

 

မေး။ ကော့ဘဇားမြို့မ ဒုက္ခသည်အများအပြားဟာ မြန်မာနိုင်ငံကိုပြန်ဖို့ တုံ့နေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ သူတို့ဌာနေပြန်လာရင် အကြမ်းဖက် တိုက်ခိုက်မုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်ကြောက်ရွံ့မုကြောင့်ပါ။ ဒီအချက်ဟာ ဒုက္ခသည်တွေအနေနဲ့ သူ့ဆန္ဒနဲ့အညီ ဌာနေပြန်ဖို့ ပိုလို့တောင် ခက်ခဲစေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေရဲ့ယုံကြည်မ ပြန်လည်ရရိလာအောင်နဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ယုံကြည်မ ပြန်လည်ရရိလာအောင် ဘယ်လိုလုပ်ဆောင်မာပါလဲ။

ဖြေ။ ယုံကြည်မုဆိုတာ အပြန်အလန် ိသင့်ပါတယ်။ယုံကြည်မုတည်ဆောက်ဖို့ဆိုတာ မြန်မာနိုင်ငံအပေါ်မာသာမီတည်နေတာမဟုတ်ပါဘူး။ ယုံကြည်မုတည်ဆောက်နိုင်စေဖို့ တစ်ဖက်လူ ဘက်ကလည်း လိုအပ်တဲ့ခြေလမ်းတွေလမ်းဖို့ လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဥပမာပြောရရင်မြန်မာ နဲ့ ဘင်္ဂလားဒေ့ရ်အကြား ရရိခဲ့တဲ့ MOU နဲ့အညီ ပုံစံတွေဖြည့်စွက်ပေးရမာဖြစ်တယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ဒီပုံစံတွေကို ဒုက္ခသည်တွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့ခြင်းမရိပါဘူး။ ဒီပုံစံတွေကို ဖြန့်ဝေပေးခြင်းမရိရင်၊ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာနဲ့တရားဥပဒေနဲ့အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်တွေမသိကြရင် ကျွန်မတို့အနေနဲ့ ဒုက္ခသည် ဌာနေပြန်ရေးလုပ်ငန်းစဉ် အလျင်အမြန်တိုးတက်အောင် ဆောင်ရွက်နိုင်မ မဟုတ်ပါဘူး။ ဒါကြောင့် ဒါဟာ စ်ဦးနစ်ဖက်အပြန် အလန် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်လို့မြင်တာပါ။ MoU ကို မိမိတို့နစ်နိုင်ငံစလုံးသာမက အခြား သူများပါ သဘောတူညီခဲ့ကြပါတယ်။ အဲဒီပါဝင်သူများအားလုံးက အသီးသီးက တာဝန်ယူမုတွေကို အကောင်အထည်ဖော်ကြဖို့ လိုပါတယ်။

 

ကျေပွန်စွာထမ်းဆောင်ခဲ့

 

မေး။ အပြန်အလန်ယုံကြည်မ တည်ဆောက်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးက အများကြီး လုပ်ကိုင်သွားဖို့လိုတယ်လို့ ကျွန်မ နားလည်မိပါတယ်။ မြန်မာနိုင်ငံဘက်က ဘာတွေလုပ်ဖို့ ိပါသလဲ။

ဖြေ။ ကျွန်မတို့အနေနဲ့ MoU နဲ့အညီ တာဝန်ဝတ္တရားတွေအားလုံးကို သယ်ပိုးထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ တကယ်လို့ င့်အနေနဲ့ MOU ကို ဖတ်ကြည့်မယ်၊ ကျွန်မတို့ဘာလုပ်နေသလဲဆိုတာကို လည်း လေ့လာကြည့်မယ်ဆိုရင် တာဝန်ဝတ္တရားများအားလုံးကို ကျွန်မတို့ ကျေပွန်စွာထမ်းဆောင် ခဲ့တယ်ဆိုတာကို င် တွေ့မြင်လိမ့်မယ်လို့ကျွန်မ ယူဆပါတယ်။ ဒါပေမယ့်လည်း စာရွက်လေး တစ်ရွက် ပေါ်မ လက်မတ်ရေးထိုးရုံနဲ့ ယုံကြည်မုကိုတည်ဆောက်လို့မရနိုင်ဘူး။ အခြေအနေဟာ ယုံကြည်စိတ်ချရတဲ့ အခြေအနေ ဟုတ်၊ မဟုတ် စွန့်စားလုပ်ဆောင်ကြည့်ဖို့လိုပါတယ်။ ပေးလာတဲ့ အနေအထားတစ်ရပ်ကိုလက်တွေ့စမ်းသပ်ကြည့်ဖို့ အဆင်သင့်မရိဘူးဆိုရင်တော့ဒါဟာ လက်ခံနိုင်တဲ့ အနေအထားဟုတ်၊ မဟုတ်ဘယ်တော့မ သိနိုင်မာမဟုတ်ဘူး။

 

ကတိကဝတ်

 

မေး။ ယုံကြည်မုပြန်လည်ရရိနိုင်အောင် လုပ်နိုင်ဖွယ်ရာတွေအားလုံးကို မြန်မာနိုင်ငံက လုပ်နေတယ်လို့ ကျွန်မ နားလည်မိပါတယ်။ အခုဆက်လက်ပြီးတော့ ဘယ်လို အရေးယူ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ စီစဉ်ထားပါသလဲ။

 

ဖြေ။ ယုံကြည်မုတည်ဆောက်တယ်ဆိုတာ အချိန်အကန့်အသတ် ဘောင်တစ်ခုအတွင်း လုပ်ဆောင် လို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ အခုအထိတော့ (က)အဆင့်အထိယုံကြည်မ တည်ဆောက်ပြီးသွားပြီ။ နောက်လေးလမ() အဆင့်ကို ရောက်မယ်။ အဲဒီလိုမျိုး ပြောလို့မရဘူး။ အဲဒီလိုမျိုး တည်ဆောက် လို့ရတာ မဟုတ်ဘူး။ ယုံကြည်မ တည်ဆောက်တယ်ဆိုတာ တစ်ဆက်တည်းဖြစ်ပေါ်နေရမယ့် လုပ်ငန်းစဉ်ပါ။ သက်ဆိုင်သူတိုင်းဟာ အပြုသဘောဆောင်ဖို့လိုတယ်၊ ယုံကြည်မ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်အတိုင်း လုပ်မယ်လို့ ကတိကဝတ်ရိကြရပါမယ်။

 

မေး။ ကုလသမဂ္ဂနဲ့ သဘောတူညီချက်ရယူခြင်း၊ အပြန်အလန်ယုံကြည်မုရရိစေဖို့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရင်တစ်ရပ်ထူထောင်ခြင်းလိုမျိုး မြန်မာအစိုးရရဲ့မကြာသေးမီက လုပ်ဆောင်ချက်တွေဟာ ယုံကြည်မ တည်ဆောက်ရေးလို့ ကျွန်မတို့ နားလည်လို့ရပါ့မလား။

ဖြေ။ UNDP နဲ့ UNHCR တို့နဲ့ MoU လက်မတ်ရေးထိုးခဲ့တာတို့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့တာတို့ဟာ ကျွန်မတို့ကို ယုံကြည်မု ရိလာစေဖို့ လုပ်ကိုင်တာလားလို့ မေးချင်တာလား။

 

အလေးအနက်ထား

 

မေး။ ဒီရည်ရွယ်ချက်တစ်ခုတည်းနဲ့လို့တော့ မဆိုလိုပါဘူး။ ဒါဟာ မြန်မာနိုင်ငံရဲ့ မူဝါဒလမ်းကြောင်းနဲ့ ------

ဖြေ။ ဒေါက်တာကိုဖီအာနန် ကော်မရင်နဲ့ ကျွန်မတို့ရဲ့အကြံပေးအဖွဲ့တို့ရဲ့ အကြံပြုချက်တွေနဲ့အညီ လုပ်ဆောင် နေတယ်ဆိုတာကို ကျွန်မအကြိမ်ပေါင်းများစွာ င်းပြခဲ့ပြီးပါပြီ။ ဉာဏ်ပညာ အမြော်အမြင် လည်းရိ၊ စိတ်စေတနာကောင်းလည်းရိတယ်လို့ ကျွန်မတို့ယုံကြည်သူတွေနဲ့ ဒီကော်မရင်နဲ့ အကြံပေး အဖွဲ့ စ်ဖွဲ့စလုံးကို ဖွဲ့စည်းခဲ့တာပါ။ ဒါကြောင့် သူတို့ရဲ့အကြံပြုချက်တွေကို ကျွန်မတို့က အလွန်ကိုပဲ အလေးအနက်ထား ဆောင်ရွက်ပါတယ်။

 

လုပ်ထုံးလုပ်နည်းအတိုင်း

 

မေး။ င်းပြဖို့ ခက်ခဲမယ်လို့ ကျွန်မသိပေမယ့်လည်း မေးချင်တာက ဒုက္ခသည်တွေ ဌာနေပြန်မယ့် လုပ်ငန်းစဉ် မေးချင်တာက ဒုက္ခသည်တွေ ဌာနေပြန်မယ့်လုပ်ငန်းစဉ် အမန်တကယ် စတင်နိုင်မယ့် အချိန်ကို သိပါရစေ။

 

ဖြေ။ ဒါကတော့ မြန်မာနိုင်ငံအပေါ်မာရော၊ ဘင်္ဂလားဒေ့ရ်အပေါ်မာပါ ီတည်နေပါတယ်။ စ်ဦးနစ်ဖက် လုပ်ကြရမယ့် လုပ်ငန်းစဉ်တစ်ခုပါ။ ဒုက္ခသည်တွေကိုပုံစံတွေထုတ်ပေးတာ၊ ရခိုင်ပြည်နယ်ကို ပြန်လာဖို့ဘယ်လုပ်ငန်းစဉ်အဆင့်ဆင့်တွေ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ကို ပြည့်ပြည့်စုံစုံ အသိပေးတာတွေမလုပ်သေးသရွေ့ ကျွန်မတို့အနေနဲ့ လုပ်ငန်းစဉ် အမြန်တိုးတက်အောင် လုပ်ဆောင်နိုင်မာမဟုတ်ဘူး။ င်သိတဲ့အတိုင်း လူအချို့ ပြန်လာခဲ့ကြပေမယ့်လည်း တရားဝင်လမ်းကြောင်းတွေအတိုင်းမဟုတ်ဘူး။ ပြန်လာသူအချို့ကသူတို့ အနေနဲ့ ပုံစံတွေဖြည့်ဖို့ လိုအပ်တယ်ဆိုတာကိုမသိတဲ့အကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း သွားရမယ်ဆိုတာကိုလည်း မသိကြောင်း ပြောကြပါတယ်။

 

အမြစ်တွယ်နေ

 

မေး။ မြန်မာနိုင်ငံအတွင်း၊ မြန်မာနိုင်ငံသား အများအပြားအတွင်းမ ရိုဟင်ဂျာလို့ပဲ ခေါ်ခေါ်၊ ရိုဟင်ဂျာမွတ်စလင်လို့ပဲ ခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲ ခေါ်ခေါ်၊ အခေါ်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမုတွေ၊ မုန်းတီးမုတွေနက်နက်ရိုင်းရိုင်း ိနေပါတယ်။ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ရော၊ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအနေနဲ့ပါ အဲဒီလူတွေကို ဘယ်လိုသတင်းစကားများ တစ်ဦးအနေနဲ့ပါ အဲဒီလူတွေကို ဘယ်လိုသတင်းစကားများပါးချင်ပါသလဲ။

 

ဖြေ။ ကျွန်မတို့ အစိုးရတာဝန်ယူချိန်ကစလို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ကိုင်လာခဲ့ပါတယ်။ ဧပြီလ အစကျွန်မတို့ အစိုးရဖွဲ့စည်းနိုင်ခဲ့ပြီးတဲ့နောက်မ ကျွန်မတို့ပထမဆုံးလုပ်တဲ့အလုပ်တစ်ခုက ရခိုင်ပြည်နယ်မာတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကော်မတီတစ်ရပ် ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တည်ရိနေတဲ့ ရန်လိုမုန်းတီးမု၊ မယုံကြည်မုတွေ၊ကြောက်ရွံ့မုနဲ့ အငြိုးအာဃာတတွေဟာ ဒီဒေသအတွင်းစီးပွားရေးဖွံ့ဖြိုးမ ကင်းမဲ့တာ၊ လုံခြုံမ အလွန်အမင်းအားနည်းတာတွေနဲ့ က်နွယ်အမြစ်တွယ်နေတယ်။

 

ဒါကြောင့် တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီ ဖွဲ့စည်းခဲ့တာပါ။ အဲဒီအချိန်ကစလို့ကျွန်မတို့အနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကာလရည်ဖြေရင်းချက် ရရိနိုင်မယ့် နည်းလမ်းများကို ာဖွေခဲ့ရပါတယ်။ သို့သော်လည်းပဲ ကျွန်မတို့အနေနဲ့ပြနာ သက်သက်အဖြစ် ုမြင်ခြင်းမဟုတ်ဘဲ စိန်ခေါ်မုတစ်ရပ်လို့ ုမြင်တယ်လို့ဆိုပါရစေ။ ဒါကြောင့် ရေရည်လုပ်ငန်းစဉ်လို့ ဆိုတာဖြစ်ပါတယ်။ ရာစုနစ်တစ်စုကျော်သမိုင်းနဲ့ချီပြီး ဖြစ်လာခဲ့တာကို လအနည်းငယ်အတွင်းကျွန်မတို့မဖြေရင်းနိုင်ပါဘူး။ စ်အနည်းငယ်လောက်အတွင်းလည်း ပြီးစီးမ မဟုတ်ဘူး။ တစိုက်မတ်မတ်လုပ်ကိုင် သွားရမယ့် ကိစ္စရပ်ပါ။ တခြားကမ္ဘာ့နိုင်ငံတွေကို င် လေ့လာကြည့်ရင် သိနိုင်မာပါ။ စ်ပေါင်းများစွာအဓွန့်ရည် တည်မြဲလာတဲ့ ဒီမိုကရေစီနိုင်ငံတွေမာတောင် ပြနာတွေရိနေတာပါ။ အရေးကြီးတာကတော့ မတူကွဲပြားတဲ့ အသိုက်အဝန်းတွေအားလုံးအနေနဲ့ ငြိမ်းချမ်းစွာနေထိုင်ကြဖို့၊ တစ်ဦးနဲ့တစ်ဦး အပြန်အလန် ယုံကြည်မုတည်ဆောက်ကြဖို့ လိုအပ်ခြင်းပါပဲ။

 

မေး သိပ်မကြာသေးမီက ဂျပန်သံအမတ်ကြီး Mr. Maruyama ကိုမောင်တောနဲ့ စစ်တွေကို ကွင်းဆင်းကြည့်ရုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီကိစ္စမာဂျပန်နိုင်ငံရဲ့အခန်းကဏ္ဍကို ဘယ်ပုံဘယ်နည်း အကဲဖြတ် သုံးသပ်လိုပါသလဲ။

ဖြေ ရခိုင်ပြည်နယ်မာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဖြေရင်းနိုင်ဖို့ အလွန်အပြုသဘောဆောင်စွာနဲ့ လက်တွေ့ကျကျ အကူအညီပေးနေတဲ့နိုင်ငံကတော့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ အခုလို ကူညီပေးတဲ့အတွက် ကျွန်မတို့လေးစားတန်ဖိုးထားပါတယ်။ ရခိုင်ဒေသအတွက် အကူအညီ အထောက်အပံ့ပေးနေတဲ့နိုင်ငံတွေအနေနဲ့ အဲဒီမ ကျွန်မတို့ စီမံကိန်းတွေ ဘယ်လိုအကောင်အထည်ဖော်နေသလဲဆိုတာကို အသေအချာ မျက်မြင်ကြည့်ရုနိုင်ဖို့ မကြာခဏ သွားရောက်လေ့လာနိုင်အောင်လည်း မူဝါဒချမတ်ထားပါတယ်။

 

အစားထိုးလို့မရနိုင်

 

မေး ဂျပန်နိုင်ငံရဲ့ သဘောထားရပ်တည်ချက်ဟာ အခြားနိုင်ငံတွေနဲ့နိုင်းယဉ်ကြည့်ရင် အနည်းငယ်ကွဲပြား ခြားနားမုရိတယ်လို့ ယူဆပါသလား။

 

ဖြေ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ သဘောထားရပ်တည်ချက်ဟာ တစ်မျိုးတစ်ဘာသာစီဖြစ်ပါတယ်။ နိုင်ငံအချို့က ဘုံသဘောထားရပ်တည်ချက်ကိုကိုင်စွဲကြသလို နိုင်ငံအချို့ကတော့ တစ်သီးပုဂ္ဂလ သဘောထား ရပ်တည်ချက် ကိုကိုင်စွဲကြတယ်။ ဒါပေမယ့် ကျွန်မတွေးမိတာကတော့ သဘောထား ရပ်တည်ချက်တစ်ခုတည်းကို တစ်ထပ်တည်း လက်ခံထားတဲ့ နိုင်ငံနစ်နိုင်ငံဆိုပြီးမရိနိုင်ဘူးဆိုတာပါ။ ကွဲလွဲချက်အသေးအဖွဲဆိုတာ ိစမြဲပေါ့။

 

မေး။ မြန်မာ-ဂျပန်ဆက်ဆံရေးရဲ့ ထူးခြားချက်အဖြစ် ဘယ်လိုယူဆပါသလဲ။

ဖြေ ဂျပန်-မြန်မာဆက်ဆံရေးနဲ့ပတ်သက်ပြီး ထူးခြားချက်တစ်ရပ်လို့ကျွန်မ မသတ်မတ်ချင်ဘူး။ အဲဒီလိုသတ်မတ်မယ်ဆိုရင် အခြားနိုင်ငံတွေနဲ့ကျွန်မတို့နိုင်ငံ ဆက်ဆံရေးဟာမကောင်းဘူးလို့ အဓိပ္ပာယ် သက်ရောက်နေလိမ့်မယ်။ ဒါပေမယ့် စ်နိုင်ငံပြည်သူတွေအကြား ရင်းနီးချစ်ကြည်မုနဲ့ အပြန်အလန်နားလည်မ အပေါ် အခြေခံထားတဲ့ ဂျပန်နဲ့မြန်မာအကြား ဆက်ဆံရေးခိုင်ကျည်မုကို ကျွန်မတို့အနေနဲ့ အစဉ်အမြဲ တန်ဖိုးထား တယ်လို့ ဆိုနိုင်ပါတယ်။ကျွန်မအမြဲပြောလေ့ရိတာက စ်နိုင်ငံအကြား ရင်းနီးချစ်ကြည်မုဆိုတာပြည်သူတွေရဲ့ ရင်းနီးချစ်ကြည်မုအပေါ်မာပဲ မူတည်ပါတယ်။ စ်နိုင်ငံပြည်သူတွေအကြား ိနေတဲ့ရင်းနီးချစ်ကြည်မုနဲ့ အပြန်အလန် နားလည်မုတို့ကို ဘာအရာနဲ့မလည်း အစားထိုးလို့ မရနိုင်ပါဘူး။ အစိုးရတွေပြောင်းလဲသွားပေမယ့် ပြည်သူ ဆိုတာ ထာဝရရိနေပါတယ်။ င်ပြောဆိုနေတဲ့ ဂျပန်နဲ့ထူးခြားတဲ့ဆက်ဆံရေးဆိုတာ စ်နိုင်ငံပြည်သူတွေ အကြား ရင်းနီးချစ်ကြည်မ နက်ရိုင်းစွာတည်ရိခြင်းကြောင့်တစ်စိတ်တစ်ဒေသ ဖြစ်ပေါ်လာတယ်လို့ ကျွန်မယူဆ ပါတယ်။

 

ပြည်သူတိုင်းပါဝင်ဖို့လို

 

မေး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ဖွံ့ဖြိုးရေးတို့နဲ့ပတ်သက်ပြီး ဆက်ပါရစေ။ အစိုးရအဖွဲ့သစ်တာဝန်ယူခဲ့ပြီးတဲ့ နောက် စ်နစ်အကြာမ တိုးတက်အောင်မြင်မ ကိန်းဂဏန်းတွေကို ပြောပြပေးပါဦး။

ဖြေ တိုးတက်အောင်မြင်မုတွေကို ရာခိုင်နုန်းတွေ၊ ကိန်းဂဏန်းတွေနဲ့ရင်းပြဖို့ လုံးဝမဖြစ်နိုင်ဘူး။ ရာခိုင်နုန်းတွေနဲ့ ကိန်းဂဏန်းတွေနဲ့ ဉ်ပြီးတော့လည်း ကျွန်မ မတွေးခဲ့ဘူး။ ‘‘လုပ်ငန်းစဉ်’’ ဆိုတဲ့အကြောင်းကိုပဲ ကျွန်မပြန်ပြောရလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆိုတာ လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်။ လုပ်ငန်းစဉ်ဆိုတာ ပြီးဆုံးခြင်းဆိုပြီး မရိနိုင်ဘူး။ ဖွံ့ဖြိုးပြီးဒီမိုကရေစီ နိုင်ငံတွေမာတောင် စိန်ခေါ်မုတွေကို ထပ်တလဲလဲ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ ကမ္ဘာကြီး ပြောင်းလဲမ နဲ့အတူ စိန်ခေါ်မ အသစ်တွေ ပေါ်လာစမြဲပဲ။ င် ပြောတဲ့အတိုင်း စံဒီမိုကရေစီအတွက် ပုံသေအတိုင်း ကျွန်မတို့ မလုပ်ဆောင်နိုင်ဘူး။ ဒီအရာဟာ အချိန်တိုင်းမ ပြောင်းလဲနေတယ်။

 

ဒါပေမယ့် ကျွန်မတို့အတွက် အခြေခံကျတဲ့ အရေးကြီးဆုံးအချက်ကတော့ ကျွန်မတို့ပြည်သူ တွေ အနေနဲ့ နိုင်ငံတော်အတွင်း ဒီမိုကရေစီတည်ဆောက်ရာမ ကျရာအခန်းကဏ္ဍကနေပြီး တစ်တပ်တစ်အား တာဝန်ယူ ဆောင်ရွက်ကြရမယ် ဆိုတာကို သိရိထားကြဖို့ပါ။ ဒီမိုကရေစီ တည်ဆောက်ရေး ဆိုတာ အစိုးရအဖွဲ့ရဲ့ တာဝန်ဝတ္တရားမျသာ မဟုတ်ပါဘူး။ အမန်အတိုင်းဆိုရင် ဒီအချက်ဟာ ဆန့်ကျင်ဘက် သဘောတောင် သက်ရောက်နေပါတယ်။

 

ဒီမိုကရေစီလိုလားတယ်ဆိုရင် ဒီမိုကရေစီဟာ ပြည်သူအပေါ် အခြေခံတာကြောင့် ဒီမိုကရေစီစနစ်အောင်မြင်ရေးဆိုတာ အစိုးရအဖွဲ့ရဲ့ လက်ထဲမာလုံးလုံးလျားလျားရိတယ်လို့ဆိုရင် လုံးဝဆန့်ကျင်ဘက် ဖြစ်နေလိမ့်မယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်မ ပြည်သူတိုင်းပါဝင်ဖို့ လိုပါတယ်။ အဲဒီ လုပ်ငန်းစဉ် ပြည်သူဘယ်ရွေ့ဘယ်မျ ပါဝင်နေတယ်၊ ဘယ်အတိုင်းအတာအထိ ပြည်သူတွေက ကိုယ်တိုင်ပါဝင်နေတယ်လို့ သတ်မတ်ထားတယ်ဆိုပြီး ကျွန်မတို့အနေနဲ့ တွက်ချက်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲကို ပြန်ပြောင်းကြည့်ရင် ကျွန်မတို့ရဲ့ မဲဆန္ဒရင်တွေ မဲရုံတွေဆီကိုသွားခဲ့ကြတဲ့ အချိုးအစားကတော့ ကောင်းမွန်တယ်ဆိုတာ ပြန်ပြောင်းသိနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတစ်ခုအနေနဲ့ ပညာရေးနိမ့်ကျခဲ့ပြီး ယခုထက်တိုင်အောင်လည်း ပညာရေး နိမ့်ကျမုကို ခံစားနေကြရတုန်းပါပဲ။ လမ်းပန်းဆက်သွယ်ရေးမာလည်း သာမန်လမ်းမျိုးတွေတောင် မတည်ဆောက်နိုင်လောက်အောင် နိမ့်ကျနေခဲ့ပါတယ်။ ဒီမိုကရေစီလူ့အဖွဲ့အစည်း တစ်ခုရဲ့နိုင်ငံသားများ အဖြစ် သူတို့ရဲ့တာဝန်ဝတ္တရားကျေပွန်ဖို့ မဲရုံတွေဆီကိုသွားခဲ့တဲ့ရာခိုင်နုန်း မြင့်မားခဲ့တာ ကတော့ ကြီးမားတဲ့အောင်မြင်မုတစ်ရပ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ နိုင်ငံတော်မဟုတ်သေးပါဘူး။ လွတ်တော်ကိုကြည့်မယ်ဆိုရင် ဒီမိုကရေစီ ၇၅ ရာခိုင်နုန်းပဲရိတယ်ဆိုတာ ထင်ရားစွာမြင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လွတ်တော်ကိုယ်စားလယ် ဦးရေရဲ့ ၇၅ ရာခိုင်နုန်းကိုပဲ ပြည်သူတွေက ရွေးချယ်တင်မြောက်ခဲ့လို့ပါပဲ။

 

ဒါပေမယ့်လည်း ဒီမိုကရေစီ ရပြီးတဲ့အဆင့်နဲ့ပတ်သက်လာရင် ဒီရာခိုင်နုန်းနဲ့ ဆုံးဖြတ်နိုင်တယ်လို့တော့ ကျွန်မ မထင်ဘူး။ ကျွန်မတို့ရဲ့ပြည်သူတွေဟာ ရွေးကောက်ပွဲမတိုင်မီ အခြေအနေနဲ့ ိုင်းယဉ်ကြည့်ရင်တော့ အကြောက် တရားတွေ ပိုနည်းသွားတယ်။ ပြည်သူတွေအနေနဲ့ အတိတ်ကာလနဲ့ ိုင်းယဉ်ရင်သူတို့ရဲ့အစိုးရအဖွဲ့ကိုရော အစိုးရနဲ့ပတ်သက်နေသူတွေကိုပါ ယခင်ကထက် ပိုပြီး ပွင့်ပွင့် လင်းလင်း ဝေဖန်လာနိုင်ကြတယ်ဆိုတာ င် သတိပြုမိလိမ့်မယ်လို့ကျွန်မ ထင်မြင်မိတယ်။ ဒီမိုကရေစီ လွတ်လပ်ခွင့် တိုးတက်လာခဲ့ပြီဆိုတာကိုဒီအချက်က ဖော်ညွန်း နေတာပါ။ ဒါပေမယ့် လွတ်လပ်မုဆိုတာ တာဝန်ယူမုနဲ့ ဒွန်တွဲနေတယ်ဆိုတာကို ကျွန်မတို့အားလုံး သိရိနားလည် ကြရပါလိမ့်မယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်မ ပြည်သူတွေရဲ့ တာဝန်ယူမုတွေ ဘယ်လောက် အတိုင်းအတာ အထိ တိုးတက်လာပြီဆိုတာကို ကျွန်မတို့ အသေအချာ သိအောင်လုပ်ဖို့လိုပါသေးတယ်။

 

တာဝန်ယူမုရိကြဖို့

 

မေး ။ဒီမိုကရေစီဟာ ပြည်သူအပေါ် အခြေပြုတယ်လို့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖော်ပြခဲ့တဲ့အတိုင်း ပြည်သူတွေရဲ့စိတ်ဓာတ်တွေဟာလွန်ခဲ့တဲ့ စ်နစ်နဲ့နိုင်းယဉ်ရင် ပြောင်းလဲသွားခဲ့ပြီလို့ ထင်မြင်ယူဆ ပါသလား။

ဖြေ အစောပိုင်း ကျွန်မပြောခဲ့တဲ့အတိုင်း ပြည်သူတွေဟာ အကြောက်တရားပိုလျော့နည်းသွားပြီ။ ဒါကို ထောက်ချင့်ပြီး ပြည်သူတွေရဲ့စိတ်ဓာတ်ပြောင်းလဲနေတယ်လို့ ဆိုနိုင်တယ်။ ကျွန်မတို့အစိုးရဟာ တာဝန်ယူမ ဆိုတာကို အကြိမ်ကြိမ်သုံးစွဲခဲ့ပြီး ပြည်သူတွေအနေနဲ့ တာဝန်ယူမုရိကြဖို့ဆိုတဲ့အချက်ကို ကျွန်မတို့ ထပ်တလဲလဲ ပြောနေမာပါ။ ကျွန်မတို့အစိုးရဟာ ‘‘တာဝန်ယူမ’’ဆိုတဲ့ ဝေါဟာရကို မကြာခဏ သုံးစွဲလေ့ရိတယ်။ ဒီလိုသုံးစွဲရတာဟာ အရေးကြီးတယ်လို့ကျွန်မ ထင်မြင်မိပါတယ်။

 

မေး မြန်မာနိုင်ငံဟာ ဒီမိုကရေစီအပြည့်အဝမရသေးဘူးလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးမာတပ်မတော်ရဲ့ ဩဇာလွမ်းမိုးမုရိနေဆဲဖြစ်လို့။ ရခိုင်ပြနာ ဒါမမဟုတ် တိုင်းရင်းသား လူမျိုးများ ပြန်လည်သင့်မြတ်ရေးတို့လို ကြီးကျယ်လတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရင်းရာမ ဒီအချက်က အတားအဆီး ပိုပြီးဖြစ်စေပါသလား။

 

ဖြေ ကျွန်မတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မုတွေကို ကိုင်တွယ်ဖြေရင်းရာမာဘူးလေးရာဖရုံဆင့် ဆိုတာမျိုးလို့ပဲ ပြောပါရစေ။ င် ပြောခဲ့တဲ့အတိုင်းကျွန်မရင်းပြခဲ့သလို ကျွန်မတို့ရဲ့နိုင်ငံဟာ တင်းပြည့်ဒီမိုကရေစီလူ့ဘောင် မဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဒီမိုကရေစီ အပြည့်အဝ မဆန်သေးတာကြောင့်ပါ။

 

လမ်းပြမြေပုံတစ်ရပ်

 

မေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့မ ခိုင်မာတဲ့တိုးတက်မုတွေကိုကျွန်မတို့ မတွေ့မြင်ရသေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတဲ့ရည်မန်းချက် ပေါက်မြောက်စေဖို့ လမ်းပြမြေပုံတစ်ရပ်ရပ် ိပါသလား။

ဖြေ ကျွန်မတို့အနေနဲ့ လမ်းပြမြေပုံတစ်ရပ် သေချာပေါက် ိပါတယ်။ပြည်သူကိုတော့ ချမပြပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမာပဲ ပြောချင်တာကတော့ ၂၀၁၄ ခုနစ်မ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီးလွတ်တော်မ အချေအတင်ဆွေးနွေးပွဲလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆွေးနွေးညိနိုင်းခြင်းမတစ်ဆင့် တရားဥပဒေမူဘောင် အတွင်းကနေ ပြင်ဆင်ချက်လုပ်နိုင်ဖို့ ကျွန်မတို့ လိုလားတယ်ဆိုတာ သိသာထင်ရားစွာ ပြသခဲ့ပါတယ်။ ကျွန်မတို့ရဲ့နိုင်ငံမ ဒီမိုကရေစီယန္တရား လည်ပတ်ရေးအတွက် ခိုင်မာတောင့်တင်းတဲ့ အခြေခံမူတွေ ချမတ်နိုင်ဖို့ ကျွန်မတို့လိုလားတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

 

မေး ရခိုင်ပြည်နယ်ရဲ့ ပကတိအခြေအနေကို တည်ငြိမ်အေးချမ်းအောင်ဒါမမဟုတ် အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ရာမ တပ်မတော်ရဲ့ ဩဇာကြောင့် ထိ်န်းကျောင်းဖို့ ရံဖန်ရံခါ အခက်အခဲ တွေ့ရပါသလား။

 

ဖြေ င် ဆိုလိုချင်တာကို ကျွန်မ နားမလည်ဘူး။ ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်နယ်မ ဖြစ်ပျက်နေသမျ အပေါ် တပ်မတော်ရဲ့ အင်အားကြောင့် တိုက်ရိုက်အကျိုး သက်ရောက်မ ိတယ်လို့တော့ ကျွန်မ မထင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံအစိုးရအဖွဲ့ဟာ စစ်ဆင်ရေးလုပ်ငန်းတွေလုပ်ဖို့ ညွန်ကြားခွင့် မရိဘူး ဆိုတာကို ကျွန်မလည်းသိတယ်၊ င်သိမယ်လို့လည်းထင်တယ်။ အဲဒါကြောင့် တင်းပြည့်ဒီမိုကရေစီ အစိုးရအဖွဲ့တစ်ရပ်ကျင့်သုံးနိုင်တဲ့ အလုံးစုံထိန်းချုပ်မုမျိုး ကျွန်မတို့မ မရိပါဘူး။

 

တရားစီရင်ရေးအပိုင်း

 

မေး။ မကြာသေးမီက ရခိုင်ပြည်နယ်အရေး သတင်းရယူနေတုန်းရိုက်တာသတင်းထောက်နစ်ဦး အဖမ်းခံခဲ့ကြရပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကန့်သတ်ပိတ်ပင်မုနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ လျော်ကန်မ မရိဘူးဆိုပြီး မြန်မာနိုင်ငံကို ဝေဖန်ကြပါတယ်။ ရခိုင်ပြည်နယ်မ လူ့အခွင့်အရေး ကိစ္စနဲ့ ပတ်သက်ပြီး သတင်းယူဖို့လုပ်ဆောင်နေချိန်မ သတင်းထောက်တွေ အဖမ်းခံခဲ့ရပါတယ်။ ဒီဝေဖန်ချက် တွေနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန် ပြောချင်ပါသလဲ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ နိုင်ငံတကာ အသိုက် အဝန်းက ယုံကြည်ယူဆတဲ့ ဒီမိုကရေစီနဲ့ ကွဲပြားခြားနားနေပါသလား။

 

ဖြေ ရခိုင်အရေးသတင်းယူမုအတွက် သူတို့အဖမ်းခံခဲ့ကြရတာ မဟုတ်ပါဘူး။ နိုင်ငံတော်လျို့ဝက်ချက် အက်ဥပဒေကို သူတို့ချိုးဖောက်ခဲ့တာကြောင့်အဖမ်းခံခဲ့ကြရတာပါ။ ဘယ်သူမဆို တရားရုံးတော်ရဲ့ ကြားနာ စစ်ဆေးမုတွေကို လွတ်လပ်စွာ ရယူနိုင်တယ်ဆိုတာ င်သိလိမ့်မယ်လို့ ကျွန်မထင်တယ်။ ဒါတွေအားလုံးဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သွားနေတာပါ။ NHK သတင်းထောက်အနေနဲ့ တရားရုံးတော် ကြားနာစစ်ဆေးမ တွေကိုပုံမန်တက်ရောက် သတင်းရယူနေတယ်မဟုတ်ဘူးလား။ တရားဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းများအတိုင်း တရားဥပဒေစိုးမိုးရေးနဲ့အညီ လုပ်ဆောင်နိုင်တဲ့အတိုင်း ကျွန်မတို့ လုပ်ဆောင်ရမ ကတော့အရေးကြီးလပါတယ်။ သူတို့ဟာ နိုင်ငံတော် လျို့ဝက်ချက် အက်ဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် အဖမ်းခံခဲ့ကြရတယ်။ သူတို့ အပြစ်ရိတယ်၊ မရိဘူးဆိုတာကို လောလောဆယ် ကျွန်မတို့ မပြောနိုင်ပါဘူး။ အဲဒါကတော့ တရားစီရင်ရေး အပိုင်း ပဲဖြစ်ပါတယ်။ တရားစီရင်ရေးအပိုင်းကပဲ ဆုံးဖြတ်ရမာပါ။ ရခိုင်အရေးသတင်းရရိဖို့ လုပ်ဆောင်နေတာကြောင့် သူတို့ အဖမ်းခံရတာ မဟုတ်ပါဘူး။

 

မေး ဒီကိစ္စသတင်းရရိဖို့ လုပ်ဆောင်နေတာကြောင့် အဖမ်းခံရတာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့သတင်းယူနေတုန်း ...

 

ဖြေ အခြားကိစ္စတွေလည်း ပါပါတယ်။ တရားရုံးတော်ရဲ့ ကြားနာစစ်ဆေးမုတွေအတိုင်း င်စောင့်ကြည့်ခဲ့မယ် ဆိုရင်၊ ကျွန်မထင်တယ်နိုင်ငံတော်လျို့ဝက်ချက် အက်ဥပဒေချိုးဖောက်မုနဲ့ ပတ်သက်နေတဲ့ တခြားကိစ္စရပ်တွေနဲ့ ပတ်သက်နေတယ် ဆိုတာကို င်နားလည်ပါလိမ့်မယ်။

 

မေး။ အဲဒီသတင်းထောက် စ်ဦးကို ချက်ချင်းလွတ်ပေးဖို့ နိုင်ငံတကာအမျိုးမျိုးသော အဖွဲ့အစည်းတွေက တောင်းဆိုနေပါ နိုင်ငံတကာအသိုက်အဝန်းရဲ့ အသံတွေကို ဘယ်လို ုမြင်ပါသလဲ။

ဖြေ။ ကျွန်မပြောခဲ့တဲ့အတိုင်း လုပ်ထုံးလုပ်နည်းနဲ့အညီ သွားနေပြီးမည်သူမဆို တရားရုံးတော်ရဲ့ ကြားနာစစ်ဆေးမုတွေကို လွတ်လပ်စွာရယူနိုင်မာဖြစ်လို့ တရားမျတမ ိ၊ မရိ၊ တရားဥပဒေစိုးမိုးရေးနဲ့ ညီ၊ မညီစောင့်ကြည့်ရပါလိမ့်မယ်။

 

မေး။ ။မြန်မာ-ဂျပန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမ ဒီမိုကရေစီဲ့ ဖွံ့ဖြိုးတိုးတက်မ ဖြစ်လာဖို့၊ အထူးသဖြင့်စီးပွားရေးဆက်ဆံမ ကောင်းမွန်လာဖို့အတွက် ဂျပန်နိုင်ငံအနေနဲ့ ဘယ်လိုအခန်းကဏ္ဍမျိုး ကနေရပ်တည် သင့်တယ်လို့ မျော်လင့်ထားပါသလဲ။

ဖြေ။ ဂျပန်နိုင်ငံအနေနဲ့ နားလည်မုရိပြီး ထာဝရမိတ်ဆွေ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်မယ့် အခန်းကဏ္ဍမျိုးကို ကျွန်မတို့ မျော်လင့်ပါတယ်။

 

မေး။ ။ဂျပန်ကုမ္ပဏီအများအပြားဟာ မြန်မာနိုင်ငံကိုလာရောက်ဖို့ ဆန္ဒရိနေကြပြီး မြန်မာ့စီးပွားရေးမ ပါဝင် ုပ်ရားချင်ကြပါတယ်။ ဒါပေမယ့် အထူးသဖြင့်လျပ်စစ်ဓာတ်အားလိုမျိုး အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်လို့ ဂျပန်ကုမ္ပဏီတွေ စိုးရိမ်ပူပန်မုတွေရိနေပါတယ်။ ဒီကုမ္ပဏီတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ရပ် မျိုးကို ကျွန်မတို့ မျော်လင့် နိုင်ပါ့မလား။

 

ဖြေ။ လွန်ခဲ့တဲ့ စ်နစ်တာကာလအတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ကျွန်မတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို သူတို့လေ့လာသင့်တယ်။သိသာသော တိုးတက်မုတွေ ကျွန်မတို့ လုပ်ဆောင်နိုင် ခဲ့တယ် ဆိုတာကိုသူတို့တွေ့မြင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ လွန်ခဲ့တဲ့ စ်နစ်တာကာလမ ကျွန်မတို့ရဲ့ စီးပွားရေး လိုအပ်ချက် တွေထက် နိုင်ငံရေးလိုအပ်ချက်တွေအပေါ် ကျွန်မတို့ ပိုမိုအာရုံစိုက် ခဲ့ကြတယ် ဆိုတဲ့အချက်ကို င်သိစေချင်ပါတယ်။

 

ဆိုလိုတာကတော့ စီးပွားရေးအရ အကျိုးအမြတ် ဖြစ်ထွန်းစေဖို့ဆိုတဲ့ အကြောင်းပြချက်တွေထက် နိုင်ငံရေးလိုအပ်ချက်နဲ့အညီ မြန်မာနိုင်ငံရဲ့ဒေသတွေမ လမ်းတွေဖောက်ပေးဖို့၊ လျပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့ဆိုတာကို ဦးစားပေးလုပ်ငန်းအဖြစ် ကျွန်မတို့ သတ်မတ်ခဲ့ပါတယ်။ ဒါပေမယ့်အခုအချိန်ထိ ပထမဦးစားပေးလုပ်ငန်းကို ကျွန်မတို့လိုသလောက်လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်လို့ ယခုအခါမ စီးပွားရေးအရ အကျိုးကျေးဇူး ပိုမိုရရိနိုင်တဲ့ကဏ္ဍတွေကို ကျွန်မတို့ အာရုံစိုက်နေပါတယ်။

 

မေး။ မြန်မာနဲ့ ဂျပန်နိုင်ငံတို့ စီးပွားရေး ဆက်ဆံမုဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ပံ့ပိုး လိမ့်မယ် လို့ ယုံကြည်ယူဆပါသလား။

ဖြေ။ ဒါကတော့ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက်သာမက ဂျပန်နိုင်ငံရဲ့ အနာဂတ်အတွက်လည်း ပံ့ပိုးပါလိမ့်မယ်။

 

မေး။ ဒါပေမယ့် မြန်မာနိုင်ငံအတွက်ရော။

ဖြေ။ နည်းမန်လမ်းမန် လုပ်ဆောင်ကြမယ်ဆိုရင် စ်နိုင်ငံစလုံးရဲ့အနာဂတ်အတွက် ပံ့ပိုးမ ဖြစ်လာမာပေါ့။ ကျွန်မပြောခဲ့တဲ့အတိုင်း ကျွန်မတို့မျမျတတဖြစ်သင့်တယ်။ ကျွန်မတို့ စ်နိုင်ငံဟာ တစ်နိုင်ငံစီရဲ့ လိုအပ်ချက်တွေ နဲ့အကျိုးစီးပွားတွေကို စ်ဦးနစ်ဖက် ကြည့်ရမာပါ။ ကိုယ့်နိုင်ငံအတွက်ပဲ တစ်ဖက်သတ် ကြည့်လို့တော့မရဘူး။