မြန်မာနိုင်ငံ၏အထွေထွေရွေးကောက်ပွဲတွင် အဆွေတော်နှင့် အဆွေတော်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှအနိုင်ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ပြည်သူအများအပြား ဆန္ဒမဲပေးခဲ့ခြင်းသည် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ ပြည်သူများ၏ စိတ်အားထက်သန်မှုကို ပြသလျက်ရှိခြင်းဖြစ်ပါကြောင်း၊ လာမည့် အစိုးရအနေဖြင့် ပြည်သူများက အပ်နှင်းသည့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ ဆက်လက်အောင်မြင်စွာ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း။